Park Shin Hyeရဲ့ Little Tin Drumsဆိုင်လေး

 Park Shin Hyeရဲ့ Little Tin Drumsဆိုင်လေး



နည်းပညာပိုင်းနဲ့ ဆိုင်စီမံခန့်ခွဲရေးပိုင်းမှာတော့ Park Shin Hyeရဲ့ မိဘတွေက ဦးစီးနေတာဖြစ်ပါတယ်။ နံရံတွေကိုတော့ Park Shin Hyeရဲ့ ပိုစတာတွေ၊ ဓာတ်ပုံတွေနဲ့ အလှဆင်ထားတာဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ မပြောပဲထားထားတဲ့ စည်းမျှဉ်းလေးတွေရှိပါတယ်။ ဒါကတော့ Park Shin Hyeရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားပါ။ ဒါ့ကြောင့် သူမရဲ့ဓာတ်ပုံတွေ၊ ကိုယ်တိုင်ရေးထားတဲ့ စာတွေကို ယူမသွားပါနဲ့။ 





ဒီဆိုင်လေးမှာ ရရှိနိုင်တာတွေကတော့ ဝက်သား၊ အူ၊ ကလီစာ ဘာဘီကြူများကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဘာဘီကြူ မစားချင်ဘူး သင့်အကြိုက်မဟုတ်ဘူးဆိုရင်တော့ ခေါက်ဆွဲလေးတွေကို မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ 







လိပ်စာ

.........

Seoul Gangdong-gu, SeoNae-dong 548-3





Hsu Myat


Comments