ကမ္ဘာပေါ်မှ အကောင်းဆုံးအစားအသောက်များ

 ကမ္ဘာပေါ်မှ အကောင်းဆုံးအစားအသောက်များ

George Bernard Shawဆိုတဲ့ လူတစ်ယောက်ကပြောတယ် “အစားအသောက်ကို ချစ်တဲ့အချစ်လောက် မြင့်မြတ်တာမရှိပါဘူး။” တဲ့………………

ကဲအခုကစပြီးတော့ မျက်လုံးလေးတွေ အစာကျွေး၊ သွားရည်လေးတွေ ထိန်းပြီးကမ္ဘာပေါ်ကအကောင်းဆုံး၊ ထိပ်ဆုံးအစားအသောက်(၄)မျိုးကို ကြည့်ရှုလိုက်ကြရအောင်။

1. Massaman Curry, Thailand

ဟင်းအနှစ်တွေရဲ့ဘုရင်နှင့် အစားအသောက်တွေရဲ့ ဘုရင်လို့တောင် တင်စားထားတဲ့ ဟင်းပွဲလေးတစ်ပွဲဖြစ်ပါတယ်။ အစပ်၊ အုန်းနို့၊ အချိုတွေနဲ့ အနံ့၊ အရသာ၊ ခံစားမှုအားလုံး ပါဝင်နေတဲ့ ဟင်းပွဲတစ်မျိုးဖြစ်ပါတယ်။ Supermarketကနေ ဝယ်တဲ့ဆောစ့်အထုပ်လေးတစ်ထုပ်ကတောင် မီရှယ်လင်းစားဖိုမှူးချက်တဲ့ဟင်းလောက်ကို အရသာဖန်တီးနိုင်ပါတယ်။

2. Neapolitan Pizza, Italy

Neapolitan ပီဇာက ပင်လယ်ဆား၊ အကောင်းစားအဆင့်ရှိဂျုံနှင့် လတ်ဆတ်တဲ့ခရမ်းချဉ်သီး၊ ပင်စိမ်း၊ သံလွင်ဆီ၊ ဂျုံသားကိုပါလက်နှင့်နယ်ပြီး ပြုလုပ်ထားခြင်း၊ သစ်သားနဲ့ဖိုထားတဲ့ မီးဖိုစတဲ့ လတ်ဆတ်သန့်ရှင်းပြီး ရိုးရှင်းတဲ့မုန့်ဖုတ်နည်းတွေကြောင့် ကမ္ဘာပေါ်က ပီဇာတွေအားလုံးတွေထဲမှာ အကောင်းဆုံးနှင့် အရိုးရှင်းဆုံးပီဇာတွေထဲမှာ ပထမနေရာကို ယူထားဆဲပါပဲ။

3. Chocolate, Mexico


မက်စီကိုနိုင်ငံကို စပြီးစိတ်ကူးယဉ်လိုက်တာနဲ့ သစ်ကြံပိုးခေါက်အရသာလေးနဲ့ ချောကလက်ဆိုတာက ခေါင်းထဲကိုချက်ခြင်းဝင်လာမှာဖြစ်ပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် မက်စီကိုမှာချောကလက်ကို အရင်ဆုံးအနေနဲ့ ချောကလက်ကို သောက်သုံးခဲ့တာဖြစ်ပါတယ်။ ချောကလက်အကောင်းစားလေးကို စားချင်တယ်ဆိုရင်တာ့ မက်စီကိုချောကလက်လေး စားကြည့်သင့်တာပေါ့နော်။ ခုဆိုရင် ချစ်သူများနေ့မှာဖြစ်ဖြစ်၊ အီစတာပွဲတော်တွေမှာဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေကို လက်ဆောင်ပေးဖို့ဖြစ်ဖြစ် ခရင်အပြည့်နဲ့ ခါးသက်သက်ချောကလက်လေးတွေက မပါမဖြစ်အစားအသောက်နေရာကနေ နေရာယူထားပါပြီနော်။

4. Sushi, Japan

ဂျပန်နိုင်ငံလိုနေရာမျိုးကနေ အစားအသောက်တစ်မျိုးအသစ်ထုတ်လိုက်ပြီဆိုတာနဲ့ တစ်ကမ္ဘာလုံးကစိတ်ဝင်စားပြီးလိုက်စားကြတဲ့ အချိန်ကိုရောက်နေတာဖြစ်ပါတယ်။ နောက်ပြီး တကမ္ဘာလုံးက ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်စာရင်းမှာရော၊ ကျန်းမာတဲ့လူဦးရေပိုမိုများတဲ့ ပြည်သူတွေပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဆူရှီကလဲ တကမ္ဘာလုံးက လူကြိုက်အများဆုံးအစားအသောက်တစ်မျိုးလဲ ဖြစ်ပါတယ်။

Writer - Hsu Myat Oo


Comments