ဆံသားတွေဘာကြောင့် ကျွတ်လာရတာလဲ။

 ဆံသားတွေဘာကြောင့် ကျွတ်လာရတာလဲ။

ဆံသားကျွတ်ခြင်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

၁။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုဆိုတာကတော့ ဒီနေ့လိုပြိုင်ဆိုင်ပြီး အရာရာကို ဆောင်ရွက်နေရတဲ့ခေတ်ကြီးမှု လူတိုင်းခံစားနေရတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှုကနေ ကျန်းမာရေးပြဿနာတော်တော်များများကို ဆက်ဖြစ်စေနိုင်ပတယ်။ လေ့လာချက်တွေအရ စိတ်ဖိစီးမှုနှုန်းအရမ်းများသွားရင်လဲ ဆံသားကျွတ်ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။

၂။ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအသောက်များ

အသင့်စားအစားအသောက်တွေက ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးနိုင်တဲ့ ဘာအာဟာရဓာတ်ကိုမျှ မပေးစွမ်းနိုင်သလို ကျန်းမာရေးနဲ့ ပတ်သက်ပြီး မကောင်းတဲ့အခြေအနေတွေကို ဖန်တီးပေးပါတယ်။ အသင့်စားအစားအသောက်တွေကို စားသုံးတာကြောင့် အာဟာရဓာတ်တွေ ဆုံးရှုံးနိုင်ပြီး ဆံသားများကျွတ်လာခြင်းနှင့် ဦးခေါင်းကိုပါ ပြောင်လာစေပေါတယ်။ အစားအသောက်ကို ကျန်းမာရေးနဲ့ညီညီ မစားသောက်ကတာကလည်း ဆံသားကျွတ်ခြင်းတွေကိုဖြစ်လာစေနိုင်ပါတယ်။

၃။ ဓာတုဆေးအပြင်းစားများနှင့် ထိတွေ့နေရခြင်း

ဆံသားဖြောင့်ခြင်း၊ ကောက်ခြင်းစတာတွေလို ဆံပင်ညှပ်ဆိုင်တွေမှာ ပြုလုပ်ပါများလာရင်လည်း ဆံသားတွေကို ဆုံးရှုံးလာရနိုင်ပါတယ်။ ဆံသားကို ပုံမှန်အတိုင်းမဟုတ်ပဲ လေခြောက်ခံစက် (Dryer)နဲ့ အခြောက်ခံပါများလာရင်လဲ ဆံသားကျွတ်လာနိုင်ပါတယ်။

၄။ ဗောက်ထများလာခြင်း

ဗောက်ထခြင်းက ဒီနေ့ခေတ်မှာ ဖြစ်လေ့ဖြစ်ထရှိနေတဲ့ ပြဿနာတစ်မျိုးဖြစ်နေပါတယ်။ ဒီလိုဗောက်ထတာကို သေချာလေးမကုသဘူးဆိုရင် ရိုးရိုးဗောက်ထတာကနေ ထူလာတဲ့ထိ ဖြစ်လာနိုင်ပါတယ်။ ဒီလို ဦးရေပြားပေါ်မှာ ဗောက်ထများလာပြီဆိုရင်တော့ ဆံသားကျွတ်လာတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။

၅။ ဟော်မှုန်းမညီမျှခြင်း

ကိုယ်ဝန်ဆောင်ထားခြင်း၊ မီးယပ်သွေးဆုံးခြင်းနှင့် သိုင်းရှိုက်ဂလင်းနဲ့ပတ်သက်ပြီး ပြဿနာတွေ ရှိနေတယ်ဆိုရင်တော့ ဟော်မှုန်းမညီမျှခြင်းတွေ ဖြစ်ပြီးဆံသားကျွတ်ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။

၆။ မျိုးရိုးလိုက်ခြင်း

ဆံသားကျွတ်ခြင်းက မျိုးရိုးဗီဇနဲ့လဲ အများကြီးသက်ဆိုင်နေပါတယ်။ ဆံသားကျွတ်ခြင်း အခြေအနေတော်တော်များများက မျိုးရိုးကြောင့်ကျွတ်ခြင်းဖြစ်တယ်လို့ အမေရိကန်သုတေသနအဖွဲ့က ဆိုထားပါတယ်။ ဒါ့ကြောင့်မိမိက ဆံသားကျွတ်တာများနေတယ်ဆိုရင်တော့ မိဘတွေကရော မိမိလိုမျိုး ခံစားဖူးလားဆိုတာကို ပြန်လည်ဆန်းစစ်ပါ။ 

Hsu Myat OO

Comments