Cumin Mint Lassi

 Cumin Mint Lassi


ဟင်းခတ်အမွှေးအကြိုင်တွေက ဟင်းချက်ရုံတင်မကပါဘူးနော်။ ဖျော်ရည်လေးတွေလည်း လုပ်သောက်လို့ရပါတယ်။ ဒီဖျော်ရည်လေးက အိန္ဒိယနိုင်ငံမှာ နာမည်ကြီးပြီး ဒိန်ချဉ်ကို အခြေခံထားတဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေပေးနိုင်တဲ့ ဖျော်ရည်လေးဖြစ်ပါတယ်။ ပူဒီနာနှင့် ဇီရာတို့ပါဝင်တာကြောင့် လတ်ဆတ်တဲ့အရသာလေးကို ခံစားရမှာဖြစ်ပြီး ခန္ဓာကိုယ်တွင်းအညစ်အကြေးသန့်စင်မှုတွေ၊ ကိုယ်တွင်းအစိတ်အပိုင်းတွေအတွက် ကျန်းမာရေးကောင်းကျိုးတွေ ရရှိမှာဖြစ်ပါတယ်။


ပါဝင်ပစ္စည်းများ

ရေခဲရေ - ၂၃၅ ဂရမ်

ဒိန်ချဉ် - ၈၅ ဂရမ်

ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပူဒီနာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)

ဇီရာစေ့ - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို သစ်သီးဖျော်စက်ထဲ ထည့်ပြီး သမအောင် ရောမွှေပါ။ သောက်သုံးမယ့်ဖန်ခွက်ထဲ ရေခဲတုံးများထည့်၊ ဖျော်ရည်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

...................

ဆုမြတ်ဦး

for Food Magazine


Comments