Honey Chicken and Veggie Skewers

 Honey Chicken and Veggie Skewers


နှစ်သစ်ကူးညမှာ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့အတူ ဘာဘီကျူပါတီလေး လုပ်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ အစားအစာလေးတစ်ခုပါ။ 

ပါဝင်ပစ္စည်းများ

ကြက်ရင်အုံ - ၂ ခု

ကြက်သွန်နီ - ၃ လုံး (အလုံးကြီး)

ပန်းငရုတ်ပွ (စိမ်း၊ နီ၊ ဝါ) - ၃ လုံး

ကြက်သွန်ဖြူ - စားပွဲဇွန်း ၂ ဇွန်း (နုပ်နုပ်စဉ်း)

ဆား၊ ငရုတ်ကောင်း - အနည်းငယ်

ဆီ - စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၃ ဇွန်း

ပျားရည် - စားပွဲဇွန်း ၃ ဇွန်း


ပြုလုပ်နည်း

၁။ သီမယ့် တုတ်ချောင်းလေးများကို ရေစိမ်ထားပါ။ ကြက်သားကို အနေတော်အတုံးလေးများ တုံးပြီး ရေစင်အောင် ဆေးထားပါ။ ကြက်သား၊ ဆီ၊ ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း)၊ ဆား၊ ငရုတ်ကောင်း၊ ပျားရည်နှင့် ပဲငံပြာရည်အကြည်တို့ကို ရောပြီး ၁ နာရီခန့် ရေခဲသေတ္တာထဲမှာ နှပ်ထားပါ။ 

၂။ ကြက်သွန်နီကို အခွံနွှာပြီး ၄ စိတ် စိတ်ထားပါ။ ပန်းငရုတ်ပွများကိုလည်း ရေဆေးပြီး အနေတော် လေးတွေ လှီးထားပါ။

၃။ တုတ်ချောင်းမှာ ကြက်သား၊ ကြက်သွန်နီနှင့် ပန်းငရုတ်ပွတို့ကို တစ်လှည့်စီ သီထားပါ။ မကပ်တဲ့ ဒယ်အိုးနဲ့ ကင်လို့လည်း ရပါတယ်။ မုန့်ဖုတ်မီးဖိုထဲမှာ ထည့်မည်ဆိုလျှင် အပူချိန် 200˚C နဲ့ ၂၅ မိနစ်ခန့် ကင်ပါ။ ကြက်သားနှပ်ထားတဲ့ အရည်ကို မကြာခဏ ဆမ်းပေးပါ။ ကြက်သားကျက်လျှင် သုံးဆောင်နိုင်ပါပြီ။

.......

ဆုမြတ်ဦး

for Food Magazine



Comments