Sunscreen ကိုဘယ်လိုသုံးကြမလဲ။

 Sunscreen ကိုဘယ်လိုသုံးကြမလဲ။

နွေရာသီကိုလည်းရောက်ရှိလာပြီ အပူရှိန်ကလည်း အရမ်းပြင်းတာကြောင့် နေကနေလာတဲ့ အန္တရာယ်ရှိရောင်ခြည်တွေကို ကာကွယ်နိုင်ဖို့အတွက် လူတိုင်းက နေရောင်ကိုအသင့်အတင့်ကာကွယ်နိုင်တဲ့ အလှကုန်ပစ္စည်းတွေ၊ လိုှးရှင်းတွေကို သုံးလာကြပြီဖြစ်ပါတယ်။ နည်းပညာတွေ၊ ခေတ်မှီတိုးတက်လာတာနှင့် အမျှကျန်းမာအောင် ဘယ်လိုနေရမယ်ဆိုတာတွေ၊ မိမိအသားအရည် မထိခိုက်အောင် ဘယ်လိုနေရမယ်ဆိုတာတွေကို သိနားလည်လာကြပြီဖြစ်ပါတယ်။နေရောင်ထဲမှာ နေပါများလာရင်နှင့် နေရောင်မှ ထုတ်လွှတ်လိုက်တဲ့ ရောင်ခြည်တွေကို ခံရပါများလာရင် အရေပြားကင်ဆာကို ဖြစ်လာစေနိုင်ပါတယ်။ 

အရေးပြားကင်ဆာဖြစ်လာမှာကို ကြောက်လာပြီဆိုရင် SPFပါဝင်တဲ့ အလှကုန်များကို သုံးစွဲဖို့အတွက် ဘယ်လိုသုံးစွဲမယ်ဆိုရင် ထိထိရောက်ရောက်ကာကွယ်နိုင်မယ်ဆိုတာကိုလည်း သိထားသင့်ပါတယ်။ 

SPFပါတဲ့ မိတ်ကပ်တွေကိုပါ သုံးပေးခြင်းက ပြီးပြည့်စုံစေတယ်လို့ ထင်မှတ်နေကြပါတယ်။

တကယ်တမ်းက SPFပါဝင်တဲ့ မိတ်ကပ်တွေက နေရောင်ကလာတဲ့ရောင်ခြည်တွေကို ပြည့်စုံအောင် ကာကွယ်မပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မိတ်ကပ်တွေက အသားအရည်ပေါ်ယံကိုပဲ ဖုံးအုပ်ပေးနိုင်တာကြောင့်ပါ။ တကယ်လို့ နေရောင်ခြည်ကို ကောင်းကောင်းကာကွယ်ချင်တယ်ဆိုရင်တော့ Sunscreenအပေါ်ကနေ မိမိကြိုက်နှစ်သက်တဲ့ SPF ပါဝင်တဲ့ Foundation (သို့) Powderကို သံုံးပေးနိုင်ပါတယ်။ ဒီလိုမျိုးသုံးပေးချင်းက နေရောင်ခြည်ကို ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။

Sunscreen မှာပါတဲ့ ပါဝင်ပစ္စည်းတွေက ကင်ဆာတွေ ြဖစ်စေနိုင်တယ်လို့ ထင်မှတ်နေကြပါတယ်။ 

အမှန်က သိပ္ပံပညာရှင်တွေက Sunscreen မှာပါတဲ့ ပါဝင်ပစ္စည်းတွေက ကင်ဆာတွေ ဖြစ်စေနိုင်တယ်လို့ ပြောထားမျိုး မရှိသေးပါဘူး။ နေရောင်နဲ့ ထိတွေ့ပါများလာရင်၊ နေရောင်အောက်မှာ နေတာများလာရင် ကင်ဆာရောဂါ ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် Sunscreenကို သုံးပေးသင့်ပါတယ်လို့ ညွှန်ကြားပေးခြင်းပဲ ရှိပါတယ်။ 


နေရာတိုင်းမှာ Sunscreenကို သုံးပေးဖို့မလိုဘူးဆို ထင်မှတ်နေကြပါတယ်။

အမှန်က သတိမမူမိတဲ့ နေရာတွေရှိခဲ့မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်ပွားနိုင်ချေရှိပါတယ်။ လူတော်တော်များများက လက်ဖဝါးတွေနဲ့ ခြေဖမိုးတွေကို လိမ်းဖို့မေ့နေကြတာတွေ၊ လုပ်ရင်းကိုင်ရင်း လိမ်းထားတာတွေကို ရေဆေးလိုက်မိတာတွေ ရှိတတ်ကြတာကြောင့် နေရောင်ခြည်ကျရောက်နိုင်ပါတယ်။ ပြီးတော့  ဈေးကြီးတဲ့ Sunscreenကို ဝယ်ထားမိပြီဆိုရင်လျော့ပြီး လိမ်းတာမျိုးတွေ တွေ့နေရပါတယ်။ ဒါ့ကြောင့် ဈေးကြီးတဲ့ Sunscreenကို မျက်နှာ အတွက် သုံးပေးပြီး ဈေးပေါတဲ့ Sunscreenကို ခန္ဓာကိုယ်အတွက် သုံးပေးပါ။


ကလေးအတွက် ထုတ်ထားတဲ့ Sunscreenက ပိုနူးညံ့စေတယ်လို့ ထင်မှတ်နေကြပါတယ်။ 

တကယ်က ကလေးတွေအတွက်ထုတ်ထားတဲ့ Sunscreen နဲ့ ဆယ်ကျော်သက်တွေ သုံးဖို့အတွက် ထုတ်ထားတာတွေက ပါဝင်ပစ္စည်းတွေက အတူတူပါပဲ။ ထုတ်လုပ်တဲ့ နည်းပညာပိုင်းမှာပဲ နဲနဲလေးကွာသွားတာပါ။ ကလေးတွေအတွက်ထုတ်ထားတဲ့ Sunscreenက နဲနဲလေးပိုပျစ်ပါတယ်။ Tear-freeဖြစ်အောင် ထုတ်လုပ်ထားတာာဖြစ်တာကြောင့် မျက်လုံးစူးခြင်း၊ စပ်ခြင်းတွေကို မဖြစ်စေနိုင်ပါတ၏ဘူး။ ဆယ်ကျော်သက်တွေအတွက် ထုတ်ထားတာကတော့ အလှကုန်ပစ္စည်းများကို ပိုမိုတပ်မက်ဖွယ်ရာ ဖြစ်အောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ 


လိုးရှင်းSunnscreenတွေက Spray Sunscreenတွေထက် ပိုကောင်းကောင်းကာကွယ်နိုင်တယ်လို့ ထင်မှတ်နေကြပါတယ်။

အမှန်က ဒီကုန်ပစ္စည်း(၂)မျိုးကြားမှာ ကွဲပြားခြင်းမရှိပါဘူး။ အသားအရည်ပေါ်မှာ ဘယ်လိုခံစားရလဲဆိုတာလေးပဲ ကွာခြားတာပါ။ လိုးရှင်းက ပျစ်တာကြောင့် သူူ့ရဲ့ပျစ်တဲ့ပုံစံကို မကြိုက်ဘူးဆိုရင်တော့ သုံးသင့်တယ်လို့ ထင်တဲ့ ပမာဏထက်နည်းနည်းလျော့သုံးပေးနိုင်ပါတယ်။ Spray Sunscreenကို သုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အနှံ့ မြန်မြန်လေး သုံးလိုက်လို့ရတယ်။ လိုးရှင်းလိမ်းနေရတာမျိုး အချိန်ပေးနေစရာမလိုဘူး။ ကမ်းခြေလိုနေရာမျိုးမှာ Sunscreenလိုနေရာမျိုးမှာ နေရောင်နဲ့ အချိန်ပြည့်ထိတွေ့နေရတယ်။ Sunscreenကလဲ ခဏခဏ လိမ်းပေးစရာလိုတဲ့ နေရာမျိုးမှာတော့ Spray Sunscreenက တော်တော်လေးကို အသုံးဝင်ပါတယ်။လက်မရောက်နိုင်တဲ့ နေရာမျိုးတွေထိပါ ဖြန်းပေးလိုက်ရုံနဲ့ ကောင်းကောင်းကာကွယ်ပေးနိုင်တယ်။ 

Hsu Myat Oo

First Class

Comments