ပူဒီနာ ပဲကတ္တီပါ နာနတ်သီးသုပ်

 ပူဒီနာ ပဲကတ္တီပါ နာနတ်သီးသုပ်

.................................

ပါဝင်ပစ္စည်းများ

• ပဲကတ္တီပါ - ၄၀ဝ ဂရမ်

• သံလွင်ဆီ - စားပွဲဇွန်း၂ ဇွန်း

• သံပရာရည် - စားပွဲဇွန်း ၂ ဇွန်း

• သံပရာအခွံခြစ် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

• ပန်းသီးဗနီကာ - စားပွဲဇွန်း ၁ ဇွန်း

• ကြက်သွန်ဖြူ - ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

• ချယ်ရီခရမ်းချဉ်သီး - ၁၂၅ ဂရမ်

• သခွားသီး - ၁/၂ လုံး

• ပန်းငရုတ်ပွအဝါရောင် - ၁/၂ လုံး

• ပူဒီနာ - အရွက် ၃၀ ရွက်

• နာနတ်သီး - ၁၀ဝ ဂရမ်


ပြုလုပ်နည်း

၁။ ချယ်ရီခရမ်းချဉ်သီးများကို ထက်ခြမ်းခြမ်းထားပါ။ သခွားသီးကို အခွံသင်၊ အစေ့ များ ထုတ်ပြီး သေးသေးလေးတွေ လှီးထားပါ။ ပန်းငရုတ်ပွကို ရေဆေးပြီး သေးသေး လေးတွေ လှီးထားပါ။ ပူဒီနာကို နုပ်နုပ်စဉ်းထားပါ။ နာနတ်သီးများကို အတုံးသေး သေးလေးတွေ တုံးထားပါ။

၂။ ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲ ထည့်၍ သမအောင်ရောမွှေပြီး အရသာ မြည်းစမ်းကြည့်ကာ ပူဒီနာအရွက်များဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

...................

ဆုမြတ်ဦး

for Food Magazine


Comments