Fenugreek Lentil Curry

Fenugreek Lentil Curry

ဒီဟင်းလေးကတော့ အိန္ဒိယအစားအစာတစ်မျိုးဖြစ်တာကြောင့် ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အနံ့အရသာတွေကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ပါတယ်။



ပါဝင်ပစ္စည်းများ

• ပဲနီလေး - ၁၀ဝ ဂရမ်

• ဆီ - စားပွဲဇွန်း ၁ ဇွန်း

• ရေ - ၄၀ဝ ဂရမ်

• မုန်ညင်းစေ့ - စားပွဲဇွန်း ၁/၂ ဇွန်း

• ကြက်သွန်နီ - ၄၀ ဂရမ် (သေးသေးလှီးထားပါ)

• ကြက်သွန်ဖြူ(အကြီး) - ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

• ငရုတ်သီးစိမ်း - ၃ တောင့် (အနေတော် လှီးထားပါ)

• နံနံပင်ခြောက်မှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

• ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

• အရောင်တင်ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

• သစ်ကြံပိုးခေါက် - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

• နနွင်းမှုန့် - စားပွဲဇွန်း ၁ ဇွန်း

• ပန်းငရုတ်ပွ (နီ၊ ဝါ) - ၂၀ဝ ဂရမ်

• ခရမ်းချဉ်သီး - ၁ လုံး

• ခရမ်းချဉ်သီးဆော့စ် - စားပွဲဇွန်း ၃ ဇွန်း

• ပန်းပွင့်စိမ်း - ၁၅၀ ဂရမ်

• ကြက်သွန်မြိတ် - အနည်းငယ် (ပါးပါးလှီး)

• ဆား - အနည်းငယ်



ပြုလုပ်နည်း

၁။ ပဲနံ့သာစေ့၊ သစ်ကြံပိုးခေါက်၊ နနွင်းမှုန့်၊ အရောင်တင်ငရုတ်သီးမှုန့်၊ ငရုတ် ကောင်းမှုန့်နှင့် နံနံပင်ခြောက်မှုန့်တို့ကို အမှုန့်ကြိတ်တဲ့ စက်ထဲမှာဖြစ်ဖြစ်၊ ငရုတ်ဆုံထဲမှာပဲဖြစ်ဖြစ် ထည့်ပြီး ကြိတ်ထားပါ။ ပဲနီလေးကို နူးအိသည်အထိ ပြုတ်ပြီး ရေစစ်ထားပါ။ ပဲပြုတ်နေတဲ့အချိန်မှာ အိုးတစ်အိုးထဲ ဆီထည့်ပြီး မုန်ညင်းစေ့လေးများကို ဖောက်ဖောက်အသံမြည်သည်အထိ လှော်ပေးပါ။ ပြီးလျှင် ကြက်သွန် ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး ၅ မိနစ်ခန့် ကြော်ပါ။ ပြီးလျှင် ကြိတ်ထားတဲ့ ဟင်းခတ်အမှုန့်များကို ထည့်ပြီး မိနစ် အနည်းငယ် ရောမွှေပေးပါ။

၂။ ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးဆော့စ်၊ ပန်းငရုတ်ပွ (နီ၊ ဝါ) များနှင့် ရေ အနည်း ငယ်ထည့်ပြီး ခရမ်းချဉ်သီးကြေသည်အထိ ၅ မိနစ်ခန့် ချက်ပါ။ ရေစစ်ထားတဲ့ ပဲနီလေးထည့်ပြီး ချက်ပါ။ ဆား၊ ပန်းပွင့်စိမ်းထည့်၍ အရသာအပေါ့အငန် မြည်းပြီး ကြက်သွန်မြိတ်လှီးထားတာဖြူးကာ သုံးဆောင်နိုင်ပါပြီ။


ဆုမြတ်ဦး

for Food Magazine

Comments