Romantic Dessert

Romantic Dessert 


ဒီအချိုပွဲလေးက Heavy Cream ရဲ့ ချိုအီတာလေးနဲ့ စတော်ဘယ်ရီရဲ့  ချဉ်တာလေးကို ပေါင်းစပ်ထားတာကြောင့် အရမ်းစားကောင်းတဲ့ အချိုပွဲဖြစ်မှာပါ။


ပါဝင်ပစ္စည်းများ


Heavy Cream  –  ၃၅၀ ဂရမ်

သကြား  –  စားပွဲဇွန်း ၃ ဇွန်း

ချောကလက်  –  ၅၀ ဂရမ်

စတော်ဘယ်ရီ  –  ၁၀ဝ ဂရမ်


ပြုလုပ်နည်း


၁။       Heavy Cream နှင့် သကြားကို Heavy Cream မာပြီး တောင့်တောင့်လေးဖြစ်သည်အထိ ခေါက်ပေးပါ။ ချောကလက်ကို အပူနှစ်ထပ်စနစ်နှင့် အရည်ဖျော်ပါ။  အရည်ပျော်လာတဲ့ ချောကလက်ကို Heavy Cream ခေါက်ထားတာနဲ့ ရော၍ သမအောင်မွှေပြီး ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားပါ။

၂။       စတော်ဘယ်ရီသီးလေးတွေကို သေးသေးစိတ်ထားပါ။ ထည့်သုံးမယ့် ဖန်ခွက်ကို ယူပြီး စတော်ဘယ်ရီအစိတ်လေးတွေကို အရင်ထည့်ပါ။ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ Heavy Cream အနှစ်ကို အနည်းငယ်ထည့်ပါ။ နောက်တစ်ခေါက် စတော်ဘယ်ရီအစိတ်လေးတွေကို ပြန်ထည့်ပြီး Heavy Cream ပြန်ဖြည့်ပါ။ အပေါ်ဆုံးကနေ စတော်ဘယ်ရီသီးလေး အလှဆင်ပြီး သုံးဆောင်နိုင်ပါပြီ။

Comments