Sunrise Smoothie

 Sunrise Smoothie 


နွေရာသီရဲ့ အပူဒဏ်ကို Smoothie အေးအေးလေးတွေ သောက်ရင်း ကျော်ဖြတ်လိုက်ရအောင်နော်။ ပါဝင်ပစ္စည်းတွေ နည်းနည်းများပေမယ့် တကယ်အရသာရှိတဲ့ ဖျော်ရည်လေးကို သုံးဆောင်နိုင်မှာပါနော်။


ပါဝင်ပစ္စည်းများ

သရက်သီး - ၂၀ဝ ဂရမ်

စတော်ဘယ်ရီသီး - ၁၈၀ ဂရမ်

ငှက်ပျောသီး - ၁ လုံး

နွားနို့ - ၁၀ဝ ဂရမ်

လိမ္မော်သီး (သို့) သရက်သီးဖျော်ရည် - ၁၀ဝ ဂရမ်

ရေခဲ - ၃၊ ၄ တုံး


ပြုလုပ်နည်း

၁။ စတော်ဘယ်ရီသီး၊ နွားနို့နှင့် ရေခဲတုံး ၂ တုံးခန့် ထည့်ပြီး သစ်သီးကြိတ်စက်ထဲမှာ ရေခဲကြေသွား သည်အထိ သမအောင်ရောမွှေပါ။ ပြီးလျှင် သတ်သတ်ဖယ်ထားပါ။

၂။ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီးဖျော်ရည်နှင့် ရေခဲတုံး ၂ တုံးခန့်ထည့်ပြီး သစ်သီးကြိတ်စက်ထဲမှာ ရေခဲကြေသွားသည်အထိ သမအောင်ရောမွှေပါ။ ဖန်ခွက်တစ်ခွက်ထဲ သရက်သီးအရောကို အရင်ထည့်ပါ။ ပြီးလျှင် စတော်ဘယ်ရီအရောကို စောစောက ထည့်ထားတဲ့ သရက်သီးအရောပေါ်ကို ဇွန်းလေးခံပြီး ထည့်ပေးမည်ဆိုလျှင် နှစ်ထပ်သစ်သီးဖျော်ရည်လေး ရပါပြီ။


Hsu Myat Oo

For Taste Window Food Magazine


Comments