ဝမ်းဗိုက်မှာ အလေးချိန်၊ အဆီတွေ တက်လာခြင်းက ပြဿနာတစ်ခုပါပဲ။
----------------------------------------------------------------
ဝမ်းဗိုက်မှာ အလေးချိန်တက်လာခြင်းဆိုတာက ဝမ်းဗိုက်မှာ ကျန်းမာရေးနဲ့ မညီညတ်တဲ့ အဆီတွေ သယ်ဆောင်နေ တယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း အင်္ဂါများအတွင်းက အဆီတွေလို့ခေါ်ပြီးတော့ ဗိုက်ခေါက်အဆီတွေက ဝမ်းဗိုက်အတွင်းမှာ တော်တော်များများ စုနေပါတယ်။ ခန္ဓာကိုယ်တွင်း အင်္ဂါများအတွင်းက အဆီတွေက Cytokines လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပေးပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ပုံမှန်ကိုယ်အလေးချိန်မှာရှိတဲ့ အဝလွန်ခြင်းက အမျိုးသားရော၊ အမျိုးသမီးမှာပါ နှလုံးရောဂါနှင့် နှလုံးနဲ့ပတ်သက်တဲ့ရောဂါများ ဖြစ်နိုင်ခြေများပြီး ဒီလိုရောဂါများကြောင့် သေဆုံးနိုင်ခြေက အမျိုးသမီးများမှာ ပိုဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဝမ်းဗိုက်မှာ အဆီတွေ ဘာကြောင့်တက်လာတာလဲ။
၁။ အသက်အရွယ်ကြီးလာခြင်း။
အသက်အရွယ် ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အလေးချိန်တက်လာခြင်းနှင့် ကျဆင်းလာခြင်းတွေက ပြောင်းလဲလာပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးမှာတောင် ဇီဝကမ္မ ဖြစ်ပျက်ပုံခြင်း ကွဲပြားကြပါတယ်။ အမျိုးသမီးတွေ ကိုယ်အလေးချိန် တက်လာပြီဆိုရင်တော့ ဝမ်းဗိုက်အဆီတွေက အဖြစ်နိုင်ဆုံးပါပဲ။ အမျိုးသမီးများ သွေးဆုံးပြီးလို့ ကိုယ်အလေးချိန်တက်လာတဲ့ အချိန်မှာလည်း ဝမ်းဗိုက်အဆီက အများဆုံးတက်တာပါ။
၂။ လေ့ကျင့်ခန်းတွေ မှားယွင်းနေခြင်း။
နေ့စဉ် ပြေးခြင်း (သို့) စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းတွေက နှလုံးကျန်းမာရေးအတွက် အရမ်းကိုကောင်းမွန်ပါတယ်။ ဒါပေမဲ့ သင်က ဝမ်းဗိုက်က အဆီတွေကို ကျဆင်းချင်တာဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေက မသင့်တော်ပါဘူး။ နှလုံးနှင့် အဆုတ်ကို သန်စွမ်းအောင် လေ့ကျင့်တဲ့ လေ့ကျင့်ခန်းတွေကို အလေးမတဲ့ လေ့ကျင့်ခန်းတွေနဲ့ တွဲပြီး လုပ်ပေးသင့်ပါတယ်။ အင်အားနဲ့ လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းတွေက ကြွက်သားထုကို တက်လာစေပြီး ခန္ဓာကိုယ်က အဆီတွေကို ကျဆင်းစေပါတယ်။ ကြွက်သားတွေက ကယ် လိုရီတွေထက်စာရင် အဆီတွေကို ပိုလောင် ကျွမ်းစေပါတယ်။ ဒါကြောင့် ကြွက်သားထု တက်လာလေလေ အဆီတွေ ပိုလောင်ကျွမ်းလေလေ ဖြစ်ပါတယ်။
၃။ ပြုပြင်ထားတဲ့ အစားအသောက်များကို အလွန်အကျွံစားမိခြင်း။
ပေါင်မုန့်ဖြူ၊ ဘီစကွတ်၊ အာလူးချောင်းကြော်များ၊ သကြားအများအပြားပါဝင်တဲ့ အချိုရည်များ၊ သရေစာများ၊ အချိုပွဲများကို အလွန်အကျွံစားမိတာက ခန္ဓာကိုယ်ကို ရောင်ရမ်းပြီး ဖောလာစေပါတယ်။ ဝမ်းဗိုက် အဆီတွေက ရောင်ရမ်းခြင်းတွေနဲ့ ဆက်နွယ်နေပါတယ်။၄။ ကျန်းမာရေးနဲ့ ညီညွတ်အောင် မစားသုံးခြင်း။
ပိန်ပါးတယ်ဆိုတာက ကယ်လိုရီတွေ အများကြီးကို စားသုံးတာမဟုတ်တာကြောင့်ပါ။ ဒါကြောင့် ဝိတ်တွေတော့ အများကြီး မတက်သွားဘူး။ သို့သော်လည်း စားလိုက်မိတဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်က ကျန်းမာတဲ့ဘက်ရောက်အောင် ထိန်းသိမ်းထားလား၊ မထိန်းသိမ်းထားဘူးလားဆိုတဲ့အပေါ် မူတည်ပါတယ်။ အသင့်ထုပ်ပိုးထားတဲ့ အစားအသောက်များ၊ အသင့်စားအစားအသောက်များနှင့် ပြည့်ဝဆီတွေနဲ့လုပ်ထားတဲ့ အစားအစားများကို အလွန်အကျွံစားမိပြီဆိုရင်တော့ ဝမ်းခေါက်တွေကတော့ ထွက်လာမှာပါပဲ။ နေ့စဉ်စား သောက်နေတဲ့ပုံစံထဲကို လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များ ပါဝင်အောင် စားသောက်သင့်ပါတယ်။ ပြန်လည်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို ရှောင်ကြဉ်ပါ။
၅။ စိတ်ဖိစီးမှုများလာခြင်း။ သင့်ကလေး၊ အခွန်အခတွေ၊ လုပ်ငန်းဆောင်တာတွေ စတာတွေက စိတ်ဖိစီးမှုတွေရဲ့ အရင်းအမြစ်တွေပါပဲ။ စိတ်ဖိစီးမှု များလာ တာနဲ့အမျှ မလိုအပ်တဲ့ အဆီတွေ ရလာနိုင်တယ်ဆိုရင်တော့ အံ့ဩသွားပါလိမ့်မယ်။စိတ်ဖိစီးတဲ့ ဟော်မုန်းတစ်ခုဖြစ်တဲ့ Cortisol တက်လာတာနဲ့ ခန္ဓာကိုယ်က အဆီပမာဏ တက်လာပြီးတော့ အဆီဆဲလ်တွေကလည်း ပိုမိုကြီးမားလာပါတယ်။ Cortisol ပမာဏ များလာလေလေ အဆီတက်လာတဲ့ ပမာဏ များလာလေလေ ဖြစ်ပါတယ်။၆။ ကောင်းကောင်းမအိပ်စက်ဘူး။
အိပ်ချိန် ၆ နာရီထက် နည်းလာပြီဆိုရင် ခါးဆိုဒ်ကလည်း တက်လာမှာဖြစ်ပါတယ်။ သိပ္ပံ ပညာစမ်းသပ်ချက်တွေအရ ယနေ့ခေတ် အမျိုးသမီးတော်တော်များများက အိပ်ချိန် ၅ နာရီနဲ့ ဒီထက်လျော့နည်းနေတယ်လို့ သိရှိရပါတယ်။ ဒီလိုအိပ်ရေးပျက်တာတွေက ကိုယ်အလေးချိန် ပေါင် ၃၀ နဲ့ ပေါင် ၃၀ အထက် တိုးလာနိုင်ခြေရှိတယ်လို့ သိရှိရပါတယ်။
၇။ ခန္ဓာကိုယ်က ပန်းသီးပုံသဏ္ဌာန်ရှိခြင်း။
ကိုယ်အလေးချိန် တော်တော်များများက ခါးနဲ့ တင်ပါးမှာ အများဆုံးဖြစ်နေတယ်ဆိုရင် သင်က ပန်းသီးပုံသဏ္ဌာန်ရှိတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ပါ။ ဒီလို ခန္ဓာကိုယ်ပုံသဏ္ဌာန်ရှိသူတွေက တခြားသူတွေထက် ဝမ်းဗိုက်အဆီ ပိုစုနိုင်ခြေ ရှိပါတယ်။
၈။ တက်တက်ကြွကြွမရှိခြင်း။
ဝမ်းဗိုက်အဆီတွေကို လျော့ကျစေချင်ပါသလား။ ဝမ်းဗိုက်အဆီတွေကို လျော့ကျစေဖို့အတွက် ကယ်လိုရီများပြီး အမျှင်ဓာတ်များတဲ့ အစားအစာများနှင့် ကာဘိုဟိုက်ဒရိတ်နည်းတဲ့ အစားအစာများ၊ သကြားနည်းတဲ့ အစားအစာများကို နေ့စဉ်စားပေးရရုံသာမက နှလုံးနှင့် အဆုတ်ကို သန်စွမ်းအောင် လေ့ကျင့်တဲ့ လေ့ကျင့်ခန်းများနှင့် လေ့ကျင့်ခန်းတွေကို အလေးမတဲ့ လေ့ကျင့်ခန်းတွေကို တွဲပြီး လေ့ကျင့်ပေးပါ။
လေ့ကျင့်ခန်းများပြုလုပ်ခြင်းက ဗိုက်ခေါက်အဆီတွေကို လျော့ကျစေတယ်။
ဗိုက်ခေါက်အဆီတွေကို လေ့ကျင့်ခန်းတွေလုပ်ပြီး လျှော့ချနိုင်ပါတယ်။ ပိန်တဲ့သူတွေက ကိုယ်အလေးချိန်လျှော့ချဖို့ မဟုတ်ရင်တောင် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ လေ့ကျင့်ခန်းတွေက ကြွက်သားတွေကို လိုချင်တဲ့ခန္ဓာကိုယ်အရွယ်အစားမှာ တည်ရှိနေစေပြီး အချိုးအစားလှပတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို ရရှိစေပါတယ်။ ကျန်းမာတဲ့ ဘဝနေထိုင်မှုမှာ ရှိနေစေပြီး စမတ်ကျတဲ့ သွင်ပြင်ကို ရရှိစေပါတယ်။
Comments
Post a Comment