Carrot Cupcake
မဂ်လာပါရှင့် ဆုမြတ်ရဲ့Kitchen Jungleလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ မုန်လာအနံ့၊ အရသာအိအိမွှေးမွှေးလေးပါတဲ့ မုန်လာဥကိတ်လေးလုပ်စားရအောင်နော်။ ဒီကိတ်လေးက လုပ်ရတာလဲ လွယ်သလို၊ ကိတ်သားပျက်မှာလည်း သိပ်စိတ်မပူရပါဘူး။ Cupcakeမလုပ်ချင်ဘူး ကိတ်သားကြီးကြီးလုပ်ချင်လဲ ဒီအတိုင်းလေးကို ကိတ်ခွက်ထဲမှာထည့်ပြီးဖုတ်လိုက်ရုံပဲလေ။ လိုအပ်တဲ့ပစ္စည်းတွေကလည်း အရမ်းမများဘူးနော်။ မွှေစက်သေးသေးလေးရှိရုံနဲ့တင် အလုပ်ဖြစ်တာဆိုတော့ လိုက်လုပ်ကြည့်ဖို့ မမေ့ပါနဲ့နော်။ ပုံမှန်မုန်လာဥကိတ်လုပ်ရင်တော့ သစ်ကြံပိုးခေါက်မှုန့်တို့၊ ဇာတိဗ္ပိုလ်သီးအမှုန့်တို့ ထည့်ပြီးဖုတ်ကြပါတယ်။ ဒါပေမယ့် မြန်မာအကြိုက်ကြတော့ ဒီအမှုန့်တွေထည့်တာမကြိုက်တာတွေ့တော့ မထည့်ပဲလုပ်ပြထားပါတယ်နော်။ အသီးခြောက်ယိုတို့၊ သစ်ကြားသီးအစေ့တို့က ကိုယ်ကြိုက်သလိုထည့်လို့ရပါတယ်။ နောက်ဆုံးမုန့်သားကို cupcakeခွက်လေးတွေထဲ ထည့်ပြီးမှ အပေါ်ကတင်လို့ရသလို၊ တခါတည်းရောနယ်ပြီးထည့်လဲ ရပါတယ်ရှင့်……

ကဲလုပ်ကြည့်လိုက်ရအောင်…………….
ပါဝင်ပစ္စည်းများ
ခြစ်ထားတဲ့ မုန်လာဥ ၃၀၀ဂရမ်
ကိတ်ဂျုံ ၁၅၀ဂရမ်
မုန့်ဖုတ်ပေါင်မုန့် ၈ဂရမ်
မုန့်ဖုတ်ဆော်ဒါ ၂ဂရမ်
ကြက်ဥ ၃လုံး
သကြား ၁၂၅ဂရမ်
ဆား ၃ဂရမ်
ဟင်းသီးဟင်းရွက် ၁၂၅ဂရမ်
ဗီနီလာအနံ့ လက်ဖက်ဇွန်း၂ဇွန်း
သစ်ကြားသီး၊ အသီးခြောက်ယို အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ မီးဖိုကို အပေါ်အောက်အပူချိန် ၁၈ဝံCလောက် ကြိုချိန်ထားပါ။ ကြက်ဥနဲ့ သကြားကို သကြားကြေသွားတဲ့အထိ မွှေစက်နဲ့မွှေပေးပါ။ ကိတ်ဂျုံ၊ မုန့်ဖုတ်ဆော်ဒါ၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆားတို့ကို ဇကာချထားပါ။ ဇကာချထားတဲ့ ကိတ်ဂျုံအရောကို ကြက်ဥမွှေထားတဲ့အထဲကို မွှေတံ (သို့) လက်နဲ့အသာလေး မွှေ(နယ်)ပေးပါ။
၂။ ဗီနီလာအနံ့နှင့် ဆီထည့်ပြီး ဆီပျောက်တဲ့ထိ သမအောင်နယ်ပါ။ မုန်လာဥခြစ်ထားတာတွေကို ဂျုံလေးနည်းနည်းရောထားပြီး ရောနယ်ပေးပါ။ Cupcakeခွက်ထဲကို လက်တစ်လုံးအလိုလောက်ချန်ပြီး မုန့်နှစ်တွေကိုထည့်ပါ။
၃။ မီးဖိုထဲကို အပူချိန် ၁၈ဝံCလောက်နဲ့ ၁၅မိနစ်ကနေ ၂၅မိနစ်လောက်ထိ ကိတ်အထူပေါ်မူတည်ပြီး ဖုတ်ပေးပါ။ ကိတ်အသားကို သွားကြားထိုးတံနဲ့ဖြစ်ဖြစ် ထိုးကြည့်လို့လို့ မုန့်တွေကပ်မပါလာတော့ဘူး၊ ကိတ်သားစိုပြီး ပါမလာတော့ဘူးဆိုရင် ကိတ်သားကျက်ပါပြီနော်…………
Comments
Post a Comment