Caramel Biscuit Milkshake

 Caramel Biscuit Milkshake

...................

Milkshake နဲ့ Smoothie ကို တူညီတယ်လို့ ထင်ကြပေမယ့် ပြုလုပ်နည်းလေးနဲ့ ပါဝင်ပစ္စည်းတွေကတော့ တော်တော်လေး ကွဲပြားပါတယ်။ Milkshake ဆိုတာကတော့ သစ်သီးတွေ၊ ရေခဲမှုန့်တို့ကို သုံးထားတာဖြစ်ပြီး Smoothie ဆိုရင်တော့ သစ်သီးနှင့် နွားနို့၊ ဒိန်ချဉ်တို့ကို ပေါင်းစပ်ထားတာကို ခေါ်တာဖြစ်ပါတယ်။ အခုတော့ ဆုမြတ်က အသီးလေးတွေမပါဘဲ ချိုဆိမ့်တဲ့အရသာလေးရှိတဲ့ Milkshake လေးကို လုပ်ပြပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

ဗနီလာအနံ့ ရေခဲမှုန့် - စားပွဲဇွန်း ၅ ဇွန်း

နွားနို့ - ၁၅ ဂရမ်

သကြားမီးတူး - စားပွဲဇွန်း ၂ ဇွန်း

ဝေဖာ - ၃၅ ဂရမ်



ပြုလုပ်နည်း

၁။ သကြားမီးတူးလေး အရင်လုပ်ပါမယ်။ သကြား စားပွဲဇွန်း ၃၊ ၄ ဇွန်းခန့်ကို ရေ အနည်းငယ်ထည့်၍ သကြားအညို ရောင်ပြောင်းပြီး တူးနံ့ အနည်းငယ်ထွက်လာသည်အထိ ကျိုပေးပါ။ သကြားမီးတူးလေးတွေကို မစ်ရှိတ်ထည့်မယ့် ခွက်ရဲ့ ဘေးနံရံလေးတွေကို အလှဆင်လောင်းပေးပါ။ 

၂။ သစ်သီးကြိတ်စက်ထဲ ဗနီလာအနံ့ရေခဲမှုန့်၊ နွားနို့နှင့် ဝေဖာတို့ကိုထည့်၍ သမအောင်ရောမွှေပြီး သကြားမီးတူး ထည့်ထားတဲ့ ဖန်ခွက်ထဲထည့်ကာ သုံးဆောင်နိုင်ပါပြီ။

...................

ဆုမြတ်ဦး

for Food Magazine


Comments