သစ်ကြံပိုးခေါက် ပင်စိမ်းရေခဲမုန့်

 သစ်ကြံပိုးခေါက် ပင်စိမ်းရေခဲမုန့်


ပါဝင်ပစ္စည်းများ

• သစ်ကြံပိုးခေါက် - ၄- ၆ ချောင်း

• Heavy Cream - ၄၇၅ မီလီမီတာ

• နွားနို့ - ၄၇၅ မီလီမီတာ

• ကြက်ဥအနှစ် - ၁၃ လုံး

• သကြား - ၂၂၅ ဂရမ်

• သစ်ကြံပိုးခေါက်ပင်စိမ်း၊ ထိုင်းပင်စိမ်း - ၇၀ ဂရမ်

• သစ်ကြံပိုးခေါက်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

• ဆား - အနည်းငယ်

• ဗနီလာအနံ့ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း




ပြုလုပ်နည်း

၁။ သစ်ကြံပိုးခေါက်များကို ဗန်းတစ်ခုထဲထည့်ပြီး မုန့်ဖုတ်မီးဖိုထဲမှာ ထည့်ကာ အခေါက်လေးတွေ ပူလာသည်အထိ ကင်ပါ။ သစ်ကြံပိုးခေါက်ကို မီးဖိုထဲက ထုတ်ပြီး ခြေထားပါ။ အိုးတစ်လုံးထဲ ခရင်မ်နဲ့ နွားနို့တို့ကို ထည့်ပြီး အနည်းငယ်ဆူ သည်အထိ အပူပေးထားပါ။ မီးဖိုပေါ်မှ နွားနို့ခရင်မ်အရောကို ချထားပါ။ ခြေထား တဲ့ သစ်ကြံပိုးခေါက်များကို အပူပေးထားတဲ့ နွားနို့နှင့် ခရင်မ်အရောထဲ ၁ နာရီခန့် ထည့်ထားပါ။ 

၂။ ကြက်ဥအနှစ်နှင့် သကြားကို သမအောင်ရောမွှေပြီး ဖယ်ထားပါ။ သစ်ကြံပိုးခေါက် ထည့်ထားတဲ့ နွားနို့ခရင်မ်အရောမှ သစ်ကြံပိုးခေါက်များ ဖယ်လိုက်ပါ။ နွားနို့ခရင်မ် အရောကို ဆူပွက်သည်အထိ အပူပေး၍ ကြက်ဥသကြားအရောထဲ နည်းနည်းချင်း ရောထည့်ပြီး သမအောင်ရောမွှေပါ။ 

၃။ ကြက်ဥနွားနို့အရောကို မီးဖိုပေါ်မှာ မီးအလယ်အလတ်လောက်နဲ့ တည်ထားပေးပါ။ ဇွန်းရဲ့ နောက်ကျောဘက်မှာ ခရင်မ်လေးတွေ အုပ်လာသည်အထိ ပျစ်လာအောင် မကြာခဏ မွှေပါ။ ပူနေတဲ့ အရည်တွေကို ဇလုံတစ်လုံးထဲထည့်ပြီး ရေခဲထည့် ထားတဲ့ ဗန်းထဲမှာ အအေးခံထားပါ။

၄။ ခပ်ကြမ်းကြမ်းလှီးထားတဲ့ ပင်စိမ်းများကို ရေခဲမုန့်အရည်ထဲ အရည်များအေးသွား သည်အထိ စိမ်ထားလိုက်ပါ။ သစ်ကြံပိုးခေါက်အမှုန့်နှင့် ဆားတို့ကိုထည့်ပြီး သမအောင် ရောမွှေပါ။ အေးသွားပြီဆိုလျှင် ဆန်ခါထဲမှာ ရေခဲမုန့်အရည်များကို စစ်ပြီး ဗနီလာအနံ့ထည့်ပေးပါ။ ရေခဲမုန့်အရည်များကို ရေခဲမုန့်လုပ်တဲ့စက်မှာ အေးခဲပါ။

...................

ဆုမြတ်ဦး

for Food Magazine


Comments