Watermelon Breeze

Watermelon Breeze


 လတ်ဆတ်ပြီး ကယ်လိုရီနည်းတဲ့ နွေရာသီသောက်စရာလေးတွေကို ဖန်တီးလိုက်ရအောင်။ ဝိတ်ချချင်တဲ့ ကိုကို၊ မမတွေအတွက် အကောင်းဆုံး ဖျော်ရည်တစ်ခုလို့လည်း ပြောရမယ်ဆိုရင် မမှားပါဘူး။


ပါဝင်ပစ္စည်းများ


ဖရဲသီး  –  ၃၅၀ ဂရမ်

အုန်းရည်  –  ၁၀ဝ ဂရမ်

သံပရာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပူဒီနာ  –  ၁ ခက်

ရေခဲ  –  ၂ တုံး


ပြုလုပ်နည်း


          ပါဝင်ပစ္စည်းအားလုံးကို သစ်သီးဖျော်စက်ထဲ ထည့်ပြီး သမအောင် ဖျော်ပါ။ ဖန်ခွက်လေးထဲ ဖျော်ရည်ထည့်၍ ဖရဲသီး၊ ပူဒီနာလေးတွေနဲ့ အလှဆင်ပြီး သုံးဆောင်နိုင်ပါပြီ။


 Hsu Myat Oo

For Taste Window Food Magazine


 

 

 

 

Comments